ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
သူ တို့ သည်၊ စိတ် နှိမ့် ချ သော ငါ့ ခြေ လှမ်း ရာ၌၊ ပိုက် ကို ပြင် ဆင် လျက်၊ ငါ့ ရှေ့၌ တွင်း တူး ပြီး လျှင်၊ ကိုယ် တိုင် ကျ ရောက် ကြ ပြီ။
သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ကိုယ်ကျကြပြီ။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
ကိုယ်တော်ရှင်ချစ်တော်မူသောလူစုတော်သည် အသက်ချမ်းသာကြစေရန် ဘုန်းအာနုဘော်တော်ဖြင့်ကျွန်တော်မျိုးတို့ကို ကယ်တော်မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်လက်လျှော့၍ အရှုံးပေးရန်အသင့်ရှိပါပြီ။ အလွန်စိတ်ပျက်အားလျော့လျက်နေပါ၏။
ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။ ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။ ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
တိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။-
ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-