အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက် ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။
ထို သို့ စီ ရင် တော် မူ သော ကြောင့်၊ ကိုယ် တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။ ကောင်း မြတ် တော် မူ သော ကြောင့်၊ ကြည် ညို သူ တို့ ရှေ့၊ နာ မ တော် ကို စောင့် မျှော် လျက် နေ ပါ မည်။
ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။
အကျွန်ုပ်သည် ကိုယ်တော်ပြုသောအမှုအတွက် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။ နာမတော်ကိုလည်း စောင့်မျှော်လျက်နေပါမည်။ အကြောင်းမူကား ထိုအမှုသည် ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့တွင် ကောင်းမြတ်ပေ၏။
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
သို့ဖြစ်၍ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေမည် မဟုတ်ပါ။ ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကျေးဇူး တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။
သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။