ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
ဆာလံ 52:8 - Common Language Bible ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။ Garrad Bible ငါ မူ ကား၊ ဘု ရား သ ခင့် ဗိ မာန် တော်၌၊ စိမ်း လန်း သော သံ လွင် ပင် ကဲ့ သို့ ဖြစ်၍၊ ဘု ရား သ ခင့် က ရု ဏာ တော်၌၊ ကာ လ အ စဉ် ကိုး စား ပါ၏။ Judson Bible ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။ |
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရား ဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။
အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။