သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
ဆာလံ 41:8 - Common Language Bible သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။ နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။ Garrad Bible သူ၌ အ နာ ဆိုး စွဲ ကပ် သ ဖြင့်၊ ယ ခု တုံး လုံး နေ ရာ မှ ထ ရ တော့ မည် မ ဟုတ် ဟု ဆို ကြ ပါ၏။ Judson Bible သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တစ်ခါလဲလျှင် နောက်တစ်ဖန်မထရဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “သူ၌ ဆိုးညစ်သောအရာစွဲကပ်နေသည်ဖြစ်၍ သူသည် လဲလျောင်းရာမှ နောက်တစ်ဖန်ပြန်ထနိုင်မည်မဟုတ်”ဟု ဆိုကြ၏။ |
သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
``သူ၏ဘုရားသည်သူ့ကိုစွန့်ပစ်လေပြီ။ သူ့အားကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့သဖြင့် သူ့ကိုလိုက်ဖမ်းကြကုန်အံ့'' ဟုသူတို့ဆို ကြပါ၏။
အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-