အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
ဆာလံ 4:7 - Common Language Bible သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။ Garrad Bible စ ပါးဆန် ရေ တိုး တက် ပေါ များ သည့် အ ခါ၊ ဝမ်း မြောက် ကြ သည် ထက်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို ရွှင် လန်း စေ တော် မူ ၏။ Judson Bible သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကာလပတ်လုံး မိမိ၏လူစုတော်ပြုသည့်ဆုတောင်းပတ္ထနာ များကို အမျက်ထွက်၍နေတော်မူပါမည်နည်း။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော အမှုတော်များသည်ကျွန်တော်မျိုးအား ဝမ်းမြောက်ရွှင်လန်းစေပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်များကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။-