အို ထာဝရဘုရား" ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့၏ အနက်အဋ္ဌိပ္ပါယ်ကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ယင်းတို့ကိုအမြဲတစေ လိုက်လှောက်ပါမည်။
ဆာလံ 39:2 - Common Language Bible ငါသည်စကားတစ်ခွန်းမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ အကောင်းကိုပင်မပြော ဆိုခဲ့ပါ။ သို့ရာတွင်ငါ၏ဝေဒနာသည်ပိုမိုဆိုးရွား ၍သာလာ၏။ Garrad Bible အ ကောင်း ကို ပင် မ ပြော မ ဆို ဘဲ၊ မျို သိပ် လျက် ဆိတ် ဆိတ် နေ ရာ၊ ပူ ပန် ခြင်း မွှေ နှောက် ရာ ရောက်၏။ Judson Bible စကားမပြောဘဲ အလျက်နေ၏။ ကောင်းသောအရာကိုပင် မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူးခြင်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။ |
အို ထာဝရဘုရား" ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့၏ အနက်အဋ္ဌိပ္ပါယ်ကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ယင်းတို့ကိုအမြဲတစေ လိုက်လှောက်ပါမည်။
ကိုယ်တော်ရှင်၏တရားတော်ကိုရှင်းလင်း ဖော်ပြတော်မူပါ။ ယင်းကိုကွန်တော်မျိုးသည်လိုက်နာပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ထိန်းပါမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-