လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
ဆာလံ 32:4 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။ Garrad Bible နေ့ ညဉ့် မ ပြတ် လက် တော် တင် ဖိ သ ဖြင့်၊ နွေ ကာ လ သွေ့ ခြောက် သည့် နည်း တူ၊ အ ကျွန်ုပ် ခြင် ဆီ ခြောက် သွား ပါ၏။ Judson Bible နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ) |
လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။
ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့် ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။
သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-
သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''