ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
ဆာလံ 24:2 - Common Language Bible ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။ Garrad Bible ကိုယ် တော် သည်၊ သ မု ဒ္ဒ ရာ ပေါ်၌ အ မြစ် ချ၍၊ ရေ အ လျဉ် များ ပေါ် တွင် တည် တော် မူ ပြီ။ Judson Bible အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ်မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် ၎င်းကို သမုဒ္ဒရာပေါ်တွင်တည်၍ မြစ်များပေါ်တွင်မြဲမြံစေတော်မူ၏။ |
ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။
``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ လူမျိုးတကာတို့အားပြောကြားကြလော့။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-