ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
ဆာလံ 2:7 - Common Language Bible မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။ Garrad Bible ဗျာ ဒိတ် တော် ကို ငါ ပြန် ကြား ဦး မည်။ ငါ့ အား ထာ ဝ ရ ဘု ရား က၊ သင် သည် ငါ့ သား ဖြစ်၏။ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ။ Judson Bible ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။ |
ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည် မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။
ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။
ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။
ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်လျှင် ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍လည်းကောင်း၊
ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-