လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
ဆာလံ 2:1 - Common Language Bible တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။ Garrad Bible မည် သည့် အ ကြောင်း ကြောင့် လူ မျိုး ခြား တို့ ရုန်း ရင်း ခတ် ပြု၍၊ လူ အ မျိုး မျိုး တို့ အ ချည်း နှီး ကြံ စည် ကြ သ နည်း။ Judson Bible လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ မြန်မာ့စံမီသမ္မာကျမ်း တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာကို ကြံစည်ကြသနည်း။ |
လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏အလယ်တွင် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့၏အလယ်တွင်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။
သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသော သူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။
အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။-
လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။