အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ဆာလံ 18:1 - Common Language Bible အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ Garrad Bible အ ကျွန်ုပ်၏ စွမ်း အား ဖြစ် တော် မူ သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် ချစ် ခင် ကြည် ညို ပါ ၏။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်၏စွမ်းပကားဖြစ်တော်မူသောကိုယ်တော်ကို အကျွန်ုပ်မြတ်နိုးပါ၏။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။ ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။
ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-
မောရှေသည်အစေခံအနေဖြင့်ဘုရား သခင်၏အိမ်တော်တွင်သစ္စာစောင့်လျက် အနာ ဂတ်ကာလ၌ကိုယ်တော်မိန့်ကြားတော်မူ မည့်အရာများကိုပြောကြားပေသည်။-
ဘုရားသခင်သည်ငါတို့အားရှေးဦးစွာချစ် တော်မူသောကြောင့်ငါတို့သည်ကိုယ်တော်ကို ချစ်ကြ၏။-