ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ဆာလံ 17:1 - Common Language Bible အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ဖြောင့် မှန် ရာ ကို နာ ခံ လျက်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား နာ လျက်၊ ပ ရိ ယာယ် ကင်း သော နှုတ် မှ ထွက် ရာ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ တရားသောဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကိုမှတ်တော်မူပါ။ မလှည့်စားတတ်သောနှုတ်နှင့် ဆုတောင်းသောပတ္ထနာစကားကို နားထောင်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။ |
ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ငါသည်ဤဗိမာန်တော်ကိုကြည့်ရှုစောင့်ရှောက် မည်။ ဤဗိမာန်တော်တွင်ပြုသမျှသောဆု တောင်းပတ္ထနာများကိုနားညောင်းမည်။-
အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။
ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
ဤမျှများလှသောရန်သူတို့နှင့် တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
သို့ရာတွင်ဘုရားသခင်သည်ငါ၏လျှောက်ထားချက်ကို အမှန်ပင်ကြားတော်မူလေပြီ။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူလေပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်ရွေးချယ်ထားတော်မူသော ဘုရင်တည်းဟူသောကျွန်တော်မျိုးတို့ ၏ဘုရင်ကို ကောင်းချီးပေးတော်မူပါ။
ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
`ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။
နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။-