မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
ဆာလံ 148:6 - Common Language Bible ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည် မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။ Garrad Bible ကာ လ အ စဉ် အ ဆက် တည် မြဲ စေ တော် မူ လျက်၊ မ ပျက် ရ သော ဓ မ္မ တာ တ ရား ကို စီ ရင် တော် မူ ပြီ။ Judson Bible ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍ မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။ |
မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့ အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။-