ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။ ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။
ထို အ ရာ များ ကို အ မိန့် တော် နှင့် ဖန် ဆင်း တော် မူ သော ကြောင့်၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ချီး မွမ်း ကြ စေ။
ထိုအရာတို့ကို အမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။
၎င်းတို့သည် ထာဝရဘုရား၏အမိန့်တော်ဖြင့် ဖန်ဆင်းခြင်းခံရကြသည်ဖြစ်၍ ကိုယ်တော်၏နာမတော်ကိုချီးမွမ်းကြပါစေ။
ထိုနောက်ဘုရားသခင်က ``ရေရေချင်းနှစ်ပိုင်း ခွဲခြားတည်ရှိစေရန် မိုးမျက်နှာကြက်ဖြစ်ပေါ် စေ'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ်ပေါ်လာ၏။ ဘုရားသခင်သည်ထိုသို့မိုးမျက်နှာကြက် ကိုဖြစ်ပေါ်စေ၍ မိုးမျက်နှာကြက်ရှိရေနှင့် အောက်ရှိရေကိုပိုင်းခြားတော်မူ၏။-
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော ပင်လယ်ကိုလည်းကောင်း၊ မိမိလက်တော်ဖြင့်ပြုပြင်တော်မူသည့်ကုန်းမြေ ကိုလည်းကောင်းအစိုးရတော်မူ၏။
ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။
``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်'' ဟုမြွက်ဆိုကြ၏။