အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကယ်တော် မူမည်ကို စောင့်ဆိုင်းရ၍အားအင်ကုန်ခန်းလက်ရှိပါ၏။ ကွန်တော်မျိုးသည်နှုတ်ကပတ်တော်ကို ကိုးစားပါ၏။
ဆာလံ 13:5 - Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။ Garrad Bible အ ကျွန်ုပ် မူ ကား၊ ကိုယ် တော်၏ က ရု ဏာ တော် ၌ ကိုး စား ပါ၏။ ကယ် တင် တော် မူ ခြင်း ကြောင့် စိတ် ရွှင် လန်း ပါ မည်။ Judson Bible အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းပါမည်။ |
အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကယ်တော် မူမည်ကို စောင့်ဆိုင်းရ၍အားအင်ကုန်ခန်းလက်ရှိပါ၏။ ကွန်တော်မျိုးသည်နှုတ်ကပတ်တော်ကို ကိုးစားပါ၏။
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကို ကျွန်တော်မျိုးအားပေးသနားတော်မူပါ။ ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။
ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။
ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။