ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
ဆာလံ 128:6 - Common Language Bible သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။ Judson Bible မိမိသားသမီးတို့၌ ဖွားမြင်သောသားသမီးတို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း သင့်သားသမီးတို့၏သားသမီးများကိုလည်း တွေ့မြင်ရပါစေသော။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။ |
ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
ထာဝရဘုရားက``ငါသည်သင်တို့အား တည်မြဲသည့်စည်းစိမ်ချမ်းသာကိုပေးမည်။ လူမျိုးတကာတို့၏ပစ္စည်းဥစ္စာများသည် အဘယ်အခါ၌မျှမခန်းမခြောက်သည့် မြစ်ရေကဲ့သို့ သင်တို့ထံသို့စီးဆင်းလာ လိမ့်မည်။ သင်တို့သည်မိခင်ဖြစ်သူကချစ် ခင်ယုယစွာပိုက်ပွေ့လျက်နို့တိုက်ကျွေး သည့်ကလေးနှင့်တူလိမ့်မည်။-