ဆာလံ 12:8 - Common Language Bible သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။ Garrad Bible လူ့ သား တို့ ဘောင် တွင် ယုတ် ညံ့ ခြင်း ကို သိ ဒ္ဓိ တင် သည့် အ ခါ၊ အ ရပ် ရပ် တွင် လူ ဆိုး တို့ သွား လာ ကြ ပါ ၏။ Judson Bible ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသောအခွင့်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။ |
ဆက်လက်၍ကောင်းကင်တမန်က``ထိုနောက် နန်းတက်သည့်ဆီးရီးယားဘုရင်သည်မင်း ဖြစ်ထိုက်သူမဟုတ်၊ ဆိုးညစ်သူဖြစ်လိမ့် မည်။ သို့ရာတွင်သူသည်အမှတ်မထင်ပေါ် ထွန်းလာလျက်ပရိယာယ်အားဖြင့်အာဏာ သိမ်းလိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''