ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။
ဆာလံ 118:4 - Common Language Bible ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။ Garrad Bible က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့ မြွက် ဆို ကြ ပါ စေ။ Judson Bible ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကိုကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ဝန်ခံကြပါစေ။ |
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။
ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။
ထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်ကို ထောမနာပြုကြလော့။ ယာကုပ်၏သားမြေးတို့၊ကိုယ်တော်အား ဂုဏ်ပြုချီးကူးကြလော့။ ဣသရေလအမျိုးသားတို့၊ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလော့။
``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။-