ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
ဆာလံ 113:9 - Common Language Bible ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။ Garrad Bible အိမ် ထောင် သူ ဖြစ် လျက် မြုံ သော မိန်း မ ကို၊ သား တို့ ၏ ရွှင် လန်း သော အ မိ ဖြစ် စေ တော် မူ ၏။ ဟာ လေ လု ယ။ Judson Bible မြုံသောမိန်းမသည် အိမ်၌နေ၍၊ ဝမ်းမြောက်သောစိတ်နှင့် သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မြုံသောမိန်းမအား မိသားစုကိုပေး၍ သားသမီးရှိသဖြင့် ဝမ်းမြောက်သောမိခင်ဖြစ်စေတော်မူ၏။ ဟာလေလုယ။ |
ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
ကိုယ်တော်သည်အဖော်မဲ့သူတို့အားအိမ် ထောင်နှင့် နေထိုင်ခွင့်ကိုပေးတော်မူ၍ အကျဉ်းခံရသူတို့ကိုအနှောင်အဖွဲ့မှ လွတ်မြောက်စေတော်မူ၏။ သို့ရာတွင်ကိုယ်တော်အားပုန်ကန်ကြသူတို့ သည်ကား သွေ့ခြောက်သည့်အရပ်တွင်နေထိုင်ကြရလိမ့်မည်။
အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊ ``အချင်းမိန်းမမြုံ၊ သင်သည်ကိုယ်ဝန်မဆောင်ဘူးသော်လည်း ရွှင်လန်းဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကိုမခံဘူးသော်လည်း ကြွေးကြော်အော်ဟစ်လော့။ လင်ယောကျာ်းစွန့်ပစ်၍ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်ပင်ပို၍သားသမီး များကို ရရှိလိမ့်မည်'' ဟုဖော်ပြသောကြောင့်ဖြစ်၏။
အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။