ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
ဆာလံ 108:9 - Common Language Bible သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါပိုင်ကြောင်း ငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။ Garrad Bible မော ဘ ပြည် ကား၊ ငါ့ ဆေး လျှော် ရာ၊ ဧ ဒုံ ပြည် လည်း ငါ့ ဖိ နပ် ထား ရာ ဖြစ် သည့် ပြင်၊ ဖိ လိ တ္တိ ပြည် ကြောင့် ငါ ကြွေး ကြော် မည် ဟူ ၍ တည်း။ Judson Bible မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။ ဖိလိတ္တိပြည်အပေါ် ငါအောင်ပွဲခံကြွေးကြော်မည်”ဟူ၍ဖြစ်၏။ |
ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
ပေတရုက ``ကိုယ်တော်သည်အကျွန်ုပ်၏ခြေ ကိုအဘယ်အခါမျှမဆေးရ'' ဟုဆို၏။ သခင်ယေရှုက ``သင့်ခြေကိုငါမဆေးရ လျှင် သင်သည်ငါ၏တပည့်မဟုတ်တော့ပြီ'' ဟုမိန့်တော်မူ၏။