အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
ဆာလံ 103:4 - Common Language Bible ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။ Garrad Bible သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊ Judson Bible သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အသက်ကို သေတွင်းထဲမှရွေးနုတ်၍ သင့်ကို မေတ္တာကရုဏာနှင့်သနားစုံမက်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။ |
အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိစကားကိုနားထောင် သူတို့အားကောင်းချီးပေးတော်မူပါ၏။ ကိုယ်တော်၏မေတ္တာတော်သည်ဒိုင်းလွှားသဖွယ် သူတို့အားကွယ်ကာစောင့်ရှောက်တော်မူပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။
ကိုယ်တော်ရှင်ကောင်းမြတ်တော်မူခြင်းကြောင့် ရိတ်သိမ်းရသည့်အသီးအနှံများကား များပြားလှပါသည်တကား။ ကိုယ်တော်ရှင်ကြွရောက်တော်မူရာအရပ် တိုင်း၌ ပေါများကြွယ်ဝမှုရှိပါသည်တကား။
ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။
ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။