သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
ဆာလံ 103:2 - Common Language Bible အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။ Garrad Bible အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ Judson Bible အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ မြန်မာ့စံမီသမ္မာကျမ်း အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ |
သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊ မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကို ဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။ သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။
ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့ကိုထုတ် ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့ရန်သတိပြုကြလော့။-
ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။