သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
ဆာလံ 101:1 - Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်သစ္စာစောင့်သိခြင်းနှင့် တရားမျှတခြင်းအကြောင်းကိုသီချင်းဆိုပါမည်။ ရှေ့တော်၌သီချင်းဆိုပါမည်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် က ရု ဏာ သက် ခြင်း၊ တ ရား သ ဖြင့် စီ ရင် ခြင်း အ ကြောင်း၊ သီ ချင်း ဖွဲ့ ဆို လျက်၊ ကိုယ် တော့် ထံ ကျူး ဧ ပါ မည်။ Judson Bible ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကိုအကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် မေတ္တာကရုဏာတော်နှင့် တရားမျှတတော်မူခြင်းအကြောင်းကို သီကျူးပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။ |
သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့် နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍ ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-