ဂလာတိ 5:18 - Common Language Bible ဝိညာဉ်တော်သည်သင်တို့အားဦးဆောင်လမ်းပြ တော်မူလျှင် သင်တို့သည်ပညတ်တရား၏လက် အောက်ခံမဟုတ်တော့ပေ။ Garrad Bible သို့ ရာ တွင် ဝိ ညာဉ် တော် ပို့ ဆောင် ရာ လိုက် ပါ လျှင် ပ ညတ် တ ရား အောက် ရှိ နေ ကြ တော့ သည် မ ဟုတ်။ Judson Bible သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံရလျှင် သင်တို့သည် ပညတ်တရားလက်အောက်၌ မရှိပေ။ |
ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-
ထို့ကြောင့်ညီအစ်ကိုတို့၊ ငါတို့၌တာဝန်ရှိ သော်လည်း ယင်းတာဝန်မှာလူ့ဇာတိအလို သို့လိုက်၍ပြုမူကျင့်ကြံရန်မဟုတ်။-
ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။-
ငါဆိုသည်ကားဝိညာဉ်တော်ညွှန်ကြားသည့် အတိုင်းကျင့်ကြလော့။ လူ့ဇာတိအလိုသို့ မလိုက်ကြနှင့်။-
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
ဝိညာဉ်တော်သည်ငါတို့အားအသက်ရှင်စေပြီ။ ဝိညာဉ်တော်ဦးဆောင်လမ်းပြတော်မူသည် အတိုင်းကျင့်ရကြမည်။-
သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။