သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဂလာတိ 4:4 - Common Language Bible သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။ Garrad Bible အ ချိန် ကာ လ ပြည့် သော် ဘု ရား သ ခင် သည် ပ ညတ် တ ရား အောက် ရှိ နေ သူ တို့ ကို ရွေး နုတ် စေ ခြင်း ငှာ လည်း ကောင်း၊ သား အ ဖြစ် ကို ငါ တို့ ရ စေ ခြင် ငှာ လည်း ကောင်း၊ မိန်း မ မှ ပ ညတ် တ ရား အောက် ဖွား မြင် ခံ မည့် သား တော် ကို စေ လွှတ် တော် မူ ၏။ Judson Bible အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။ အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အညွှန့် အတက်'' ဟုနာမည်တွင်သူသည်မိမိရှိရာ အရပ်တွင်ကြီးပွားတိုးတက်လျက်ထာဝရ ဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။-
သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။
ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-
ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။-
ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
ခမည်းတော်သည်သားတော်အားလောကကို ကယ်တင်ရန်စေလွှတ်တော်မူကြောင်းကို ငါ တို့တွေ့မြင်ရ၍သက်သေခံကြ၏။-
ဘုရားသခင်၏ဝိညာဉ်တော်ဟုတ်မဟုတ် သင် တို့သိရှိနိုင်မည့်နည်းကားဤသို့တည်း။ သခင် ယေရှုသည်လူ့ဇာတိကိုခံယူကာကြွလာ တော်မူသည်ဟုဝန်ခံသူသည် ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ကိုခံယူရရှိသူဖြစ်၏။-