ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
ဂလာတိ 3:9 - Common Language Bible အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။ Garrad Bible ယုံ ကြည် ခြင်း ကို တံ ကဲ ပြု သူ တို့ သည် ယုံ ကြည် သော အာ ဗြ ဟံ နှင့် အ တူ ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ၏။ Judson Bible သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာခံစားရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံစားကြရ၏။ |
ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
ငါတို့အားလည်းရည်ညွှန်းပေသည်။ အဘယ် ကြောင့်ဆိုသော်ငါတို့၏အရှင်သခင်ယေရှု အားရှင်ပြန်ထမြောက်စေသောဘုရားသခင် ကို ငါတို့ယုံကြည်သဖြင့်ငါတို့အားဖြောင့် မတ်သူများအဖြစ်ကိုယ်တော်လက်ခံမည် ဖြစ်သောကြောင့်တည်း။-
ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-