အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
ဂလာတိ 3:6 - Common Language Bible အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။- Garrad Bible အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ့ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ သော ကျမ်း ချက် အ တိုင်း ဖြစ် သ တည်း။ Judson Bible ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထားသည့်အတိုင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ကျမ်းစာ၌ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။ |
အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
ငါတို့အားလည်းရည်ညွှန်းပေသည်။ အဘယ် ကြောင့်ဆိုသော်ငါတို့၏အရှင်သခင်ယေရှု အားရှင်ပြန်ထမြောက်စေသောဘုရားသခင် ကို ငါတို့ယုံကြည်သဖြင့်ငါတို့အားဖြောင့် မတ်သူများအဖြစ်ကိုယ်တော်လက်ခံမည် ဖြစ်သောကြောင့်တည်း။-
အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။
သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-