ဂလာတိ 3:27 - Common Language Bible သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။- Judson Bible ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။ |
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-
သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။
ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ထိုအချိန်အထိ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ အထဲမှ မည်သူတစ်စုံတစ်ယောက်၏အပေါ် သို့သက်ရောက်တော်မမူသေးသောကြောင့် ဖြစ်၏။ ထိုအချိန်အထိထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမတော်ကိုအမှီ ပြု၍ဗတ္တိဇံခံယူထားရုံမျှသာရှိ၏။-
ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
သူတို့သည်ထိုမိုးတိမ်နှင့်ပင်လယ်ထဲ၌မောရှေ ၏တပည့်များအဖြစ်ဗတ္တိဇံမင်္ဂလာခံယူ ကြ၏။-
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။
လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။-
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-