ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
ဂလာတိ 2:3 - Common Language Bible ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။- Garrad Bible သို့ ရာ တွင် ငါ တို့ ကို ကျွန် အ ဖြစ် ကျ ရောက် စေ သော အ ကြံ နှင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ ရ ကြ သော လွတ် ခွင့် ကို ချောင်း ကြည့် လို၍ လျှို့ တစ် ဝှက် ဝင် လာ သော ညီ အစ် ကို ယောင် ဆောင် သူ တို့ အ နော် အ တာ ကို ခေ တ္တ မျှ ဝန် မ ခံ။ ငါ့ အ ပေါင်း အ ပါ ဂ ရိတ် လူ မျိုး တိ တု ကို ပင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် သ ဘော မ တူ ချေ။ သို့ မှ သ တင်း တော် မြတ် သည် သင် တို့၌ အ စုံ အ လင် တည် ရ ၏။ Judson Bible သို့သော်လည်း ငါနှင့်အတူပါသော ဟေလသအမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါနှင့်အတူပါလာသောတိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းကို မခံခဲ့ရပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် ကျွန်ုပ်ကို ထောက်ခံ၍ ကျွန်ုပ်နှင့်အတူ ပါလာသော တိတုကိုပင်လျှင် လူမျိုးခြားဖြစ်သော်လည်း အရေပြားလှီးမင်္ဂလာကို ခံယူရန် မစေခိုင်းခဲ့ပေ။ |
ကျွန်ုပ်တို့အထဲမှလူအချို့သည်ကျွန်ုပ်တို့၏ ညွှန်ကြားချက်မရဘဲ သင်တို့ထံသို့သွား၍ စိတ်အနှောင့်အယှက်ဖြစ်စေသည့်စကားများ ကိုပြောဆိုကာ သင်တို့အားဒုက္ခပေးခဲ့ကြ ကြောင်းသိရပါသည်။-
ပေါလုသည်သူ့ကိုမိမိနှင့်အတူလိုက်စေလို သဖြင့် သူ့အားအရေဖျားလှီးမင်္ဂလာပေး၏။ ဤသို့ပြုရခြင်းအကြောင်းမှာတိမောသေ၏ ဖခင်သည်ဂရိအမျိုးသားဖြစ်ကြောင်း ထို အရပ်ရှိယုဒအမျိုးသားတို့သိကြသော ကြောင့်ဖြစ်၏။-
သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
တစ်ဆယ့်လေးနှစ်မျှကြာသောအခါ ငါနှင့် ဗာနဗတို့သည် တိတုကိုခေါ်၍ယေရု ရှလင်မြို့သို့ပြန်သွား၏။-
ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။-
ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။