ဂလာတိ 2:1 - Common Language Bible တစ်ဆယ့်လေးနှစ်မျှကြာသောအခါ ငါနှင့် ဗာနဗတို့သည် တိတုကိုခေါ်၍ယေရု ရှလင်မြို့သို့ပြန်သွား၏။- Garrad Bible ဆယ့် လေး နှစ် ကြာ ပြီး နောက် ငါ သည် တိ တု ကို ခေါ် လျက် ဗာ န ဗ နှင့် အ တူ ဗျာ ဒိတ် တော် ခံ ရ သည့် အ လျောက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍ ငါ ဆောင် ရွက် ဆဲ မှု၊ ဆောင် ရွက် ခဲ့ မှု၊ အ ကျိုး မဲ့ ဖြစ် မ ဖြစ် သိ ခြင်း ငှာ လူ မျိုး ခြား တို့ အား ကြား ပြော သော သ တင်း တော် ကို အ ကြီး အ မှူး တို့ ထံ အ သီး အ ခြား ဖွင့် ပြ ခဲ့၏။ Judson Bible ထိုနောက် တစ်ဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တစ်ဖန် သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဆယ့်လေးနှစ်ကြာသောအခါ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဆယ့်လေးနှစ်ကြာသော် ကျွန်ုပ်သည် ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွား၏။ တိတုကိုလည်း ခေါ်သွား၏။ |
ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။-
သူတို့သည်ဗာနဗအားဇုသဟုခေါ်ကြ၏။ ခေါင်းဆောင်၍ဟောပြောသူဖြစ်သောကြောင့် ပေါလု အားဟေရမေဟုခေါ်ကြ၏။-
သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။-
ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-
သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။-
အခြားယုဒအမျိုးသားယုံကြည်သူများ သည်လည်း ပေတရုကဲ့သို့ပင်သူရဲဘောကြောင် သည့်အပြုအမူကိုပြုလုပ်လာသဖြင့် ဗာနဗ ပင်လျှင်သူတို့၏ဘက်သို့လိုက်ပါသွားလေ သည်။-
ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။-
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။