ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
ကောလောသဲ 4:10 - Common Language Bible ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။ Garrad Bible ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ အာ ရိ တ္တာ ခု၊ ယု တ္တု ခေါ် ယေ ရှု ပါ ရောက် လာ လျှင် လက် ခံ ကြ လော့ ဟု ငါ မှာ ဘူး သော ဗာ န ဗ၏ ညီ တော် သူ မာ ကု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။ Judson Bible ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ညီအစ်ကိုတော်မာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော အာရိတ္တာခုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ၏ညီဝမ်းကွဲ မာကုတို့သည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့ ရောက်လာလျှင် ညွှန်ကြားထားသည့်အတိုင်း သူ့ကို ကြိုဆိုကြလော့။ |
ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။-
သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။
အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-
ခရစ်တော်ယေရှုအတွက်ကြောင့်ငါနှင့်အတူ အကျဉ်းခံရသူဧပဖြကလည်းကောင်း၊-
ငါ၏လုပ်ဖော်ဆောင်ဘက်များဖြစ်ကြသည့် မာကု၊ အာရိတ္တခု၊ ဒေမနှင့်လုကာတို့က လည်းကောင်းသင့်ကိုနှုတ်ဆက်ကြ၏။-
ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။-