ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
ကောလောသဲ 3:3 - Common Language Bible အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။- Garrad Bible အ သို့ ဆို သော် သေ ပြီး ဖြစ် သော သင် တို့ အ သက် သည် ခ ရစ် တော် နှင့် အ တူ ဘု ရား သ ခင်၌ ဝှက် ထား လျက် ရှိ သည့် အ လျောက်၊ Judson Bible အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့သည် သေ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်ထံ၌ ဝှက်ထားသောကြောင့် ဖြစ်၏။ |
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။
ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။
ထိုသို့မဆိုလိုပါ။ အပြစ်ဒုစရိုက်နှင့်လုံးဝ အဆက်ဖြတ်ပြီးသော ငါတို့သည်အဘယ် ကြောင့်အပြစ်ထဲ၌ပြန်၍ကျင်လည်ရကြ ပါမည်နည်း။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
ငါတို့၏ဘဝအတွက်ယုံကြည်ခြင်းသည် အဋ္ဌိကဖြစ်၏။ မျက်စိဖြင့်မြင်ခြင်းသည် အဋ္ဌိကမဟုတ်။-
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
ဘုရားသခင်၏နက်နဲသောအကြံအစည် တော်သည်အဘယ်သို့အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းတို့အားရှင်းလင်း ဖော်ပြရန်အခွင့်ထူးကိုငါ့အားပေးသနား တော်မူ၏။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူသောဘုရားသခင်သည် ရှေးကာလ အဆက်ဆက်ကထိုအကြံအစည်တော် ကိုကွယ်ဝှက်၍ထားတော်မူခဲ့၏။-
ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-
ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။
သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။-
သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။-
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။