သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
ကောလောသဲ 1:3 - Common Language Bible ငါတို့သည်သင်တို့အတွက်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်းငါတို့သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။- Garrad Bible ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ကြ ကြောင်း သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အား မေ တ္တာ ရှိ ကြ ကြောင်း ကြား ရ သော ငါ တို့ သည် သင် တို့ အ ဖို့ ပ ဌ နာ ပြု သော်၊ သ မ္မာ တ ရား တည်း ဟူ သော သ တင်း တော် မြတ် ကြောင့် ယ မန် ကြား သိ ကြ သည့် အ တိုင်း သင် တို့ အ ဖို့ ကောင်း ကင် ဘုံ၌ ရန် ထား သော မြော် လင့် ရာ အ တွက် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ချီး မွမ်း ကြ ၏။ Judson Bible သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်လည်းကောင်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားသော မျှော်လင့်ရာကို ထောက်သဖြင့်လည်းကောင်း၊ သင်တို့အဖို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သင်တို့အတွက် အစဉ်အမြဲဆုတောင်းလျက် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်ကို ကျေးဇူးတင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့အတွက် ဆုတောင်းတိုင်း ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ |
သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-
နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။-
ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။-
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-
ကိုယ်တော်သည်ငါတို့အားမှောင်မိုက်၏ တန်ခိုးမှကယ်နုတ်တော်မူ၍ မိမိချစ်မြတ် နိုးတော်မူသောသားတော်၏နိုင်ငံတော်ထဲ သို့ခေါ်သွင်းတော်မူ၏။-
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။-
ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-