ကောလောသဲ 1:15 - Common Language Bible ခရစ်တော်သည်မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သားဦးဖြစ်သဖြင့်အဖန် ဆင်းခံအရာအပေါင်းတို့ထက်ကြီးမြတ် တော်မူပေသည်။- Garrad Bible ထို သား တော် သည် မျက် မြင် မ ရ သော ဘု ရား သ ခင်၏ ပုံ သ ဏ္ဌာန် တော် ဖြစ် သည့် ပြင် သ တ္တ ဝါ ခပ် သိမ်း တွင် သြ ရ သ ဖြစ် တော် မူ လျက်၊ Judson Bible ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
ဘုရားသခင်သည်မိမိရွေးချယ်ထားသူတို့ အား မိမိ၏သားတော်ကဲ့သို့ဖြစ်လာကြစေ ရန်သီးသန့်ထားတော်မူ၏။ ဤသို့ပြုတော်မူ ခြင်းမှာသားတော်အားညီအမြောက်အမြား ထဲတွင်နောင်တော်ကြီးဖြစ်စေရန်ပင်တည်း။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
ကိုယ်တော်သည်ငါတို့အားမှောင်မိုက်၏ တန်ခိုးမှကယ်နုတ်တော်မူ၍ မိမိချစ်မြတ် နိုးတော်မူသောသားတော်၏နိုင်ငံတော်ထဲ သို့ခေါ်သွင်းတော်မူ၏။-
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်'' ဟုမိန့်တော်မူ၏။-
မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-