ကမ္ဘာဦး 7:13 - Common Language Bible ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။- Garrad Bible ထို နေ့ ရက် တွင် ပင် နော ဧ နှင့် မ ယား မှ စ၍ ရှေ မ၊ ဟာ မ၊ ယာ ဖက် ဟူ သော သား သုံး ယောက်၊ ချွေး မ သုံး ယောက် တို့ သည် သင်္ဘော တွင်း သို့ ဝင် ကြ ၏။ Judson Bible ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ပင် နောဧနှင့် နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့မှစ၍ နောဧ၏မယားနှင့် ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ |
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။
သို့ရာတွင်ငါသည်သင်နှင့်ပဋိညာဉ်ဖွဲ့မည်။ သင် နှင့်တကွသင်၏မယား၊ သားများနှင့်သူတို့ ၏မယားတို့အားသင်္ဘောပေါ်သို့တက်စေလော့။-
ထိုနောက်ထာဝရဘုရားကနောဧအား``သင် နှင့်တကွ သင်၏မိသားစုအားလုံးတို့သင်္ဘောထဲ သို့ဝင်ကြစေ။ ကမ္ဘာပေါ်တွင်သင်တစ်ယောက်တည်း သာ သူတော်ကောင်းဖြစ်ကြောင်းငါတွေ့မြင်ရ၏။-
တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။