သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
ကမ္ဘာဦး 6:2 - Common Language Bible အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။- Garrad Bible ကောင်း ကင် သား တို့ သည် လူ့ သ မီး များ အ ဆင်း လှ သည် ကို မြင်၍ စိတ် တိုင်း ကျ ရာ ရွေး ချယ် စုံ ဖက် ကြ ၏။ Judson Bible ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။ |
သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
ဣဇာက်နှင့်ရေဗက္ကတို့သည်ထိုအမျိုးသမီး များအတွက်ကြောင့်စိတ်မချမ်းမသာဖြစ် ရလေ၏။
ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
ရှေသသည်လည်းသားရ၍ထိုသားကိုဧနုတ် ဟုမှည့်ခေါ်၏။ ထိုခေတ်ကာလမှစ၍ လူတို့ သည်ထာဝရဘုရား၏နာမတော်ကိုအမှီ ပြုလျက်ကိုးကွယ်ကြလေ၏။
ထိုအချိန်ကာလ၌ကမ္ဘာအရပ်ရပ်တွင် လူဦး ရေများပြားလာ၏။ လူတို့၌သမီးများဖွား မြင်လာကြ၏။-
ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-
ကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။-