ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
ကမ္ဘာဦး 6:13 - Common Language Bible ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။- Garrad Bible ထို အ ခါ ဘု ရား သ ခင် သည် နော ဧ အား မိန့် တော် မူ သည် ကား၊ သ တ္တ ဝါ အ ပေါင်း တို့၏ အ ဆုံး ကို ငါ ပြ ဋ္ဌာန်း ပြီ။ သူ တို့ ကြောင့် မြေ ကြီး သည် ကြမ်း ကြုတ် မှု နှင့် ပြည့်၀၍ အ ကယ် စင် စစ် မြေ ကြီး နှင့် တ ကွ သူ တို့ ကို ငါ ဖျက် ဆီး မည်။ Judson Bible ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်က နောဧအား “လူအပေါင်းတို့၏အဆုံးသည် ငါ့ရှေ့မှောက်သို့ရောက်လာပြီ။ အကြောင်းမူကား မြေကြီးသည် သူတို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ကြည့်ရှုလော့။ ငါသည် သူတို့ကို မြေကြီးနှင့်အတူဖျက်ဆီးမည်။ |
ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
သင့်အတွက်သင်္ဘောတစ်စင်းကိုသစ်သားကောင်း ဖြင့်တည်ဆောက်လော့။ အခန်းများဖွဲ့၍အတွင်း အပြင်ကိုကတ္တရာစေးသုတ်လော့။-
ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။-
ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။-
ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
အို လူမျိုးအပေါင်းတို့လာကြလော့။ လာ ရောက်စုဝေး၍နားထောင်ကြလော့။ ကမ္ဘာတစ် ဝှမ်းလုံးတွင်နေထိုင်သမျှသောလူတို့သည် ဤအရပ်သို့လာ၍နားထောင်ကြရာ၏။-
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-