သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
ကမ္ဘာဦး 50:13 - Common Language Bible ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။- Garrad Bible မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန့် ထံ သင်္ချိုင်း ပိုင် ဖြစ် စေ ရန် မြေ ကွက် နှင့် တ ကွ အာ ဗြ ဟံ ဝယ် ခဲ့ သည့် မ ပ္ပေ လ ခေါ် မြေ ကွက် ရှိ ဂူ တွင် သင်္ဂြိုဟ် သ ဖြင့် အ ဘ မှာ ထား သည့် အ တိုင်း ပြု ကြ ၏။ Judson Bible ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချိုင်းဖို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။ |
သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။-
ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
ငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။
ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။
မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''