ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
ကမ္ဘာဦး 50:10 - Common Language Bible သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။- Garrad Bible ယော် ဒန် မြစ် တစ် ဘက်၊ အာ တဒ် ကောက် နယ် တ လင်း သို့ ရောက် သော အ ခါ၊ အ လွန် သည်း ထန် စွာ ငို ကြွေး မြည် တမ်း ခြင်း ကို ပြု၍ ယော သပ် လည်း အ ဘ ကြောင့် ခု နစ် ရက် ကြာ ငို ကြွေး လေ ၏။ Judson Bible ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။ |
ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
ဆေးသမားတို့သည်ထုံးစံရှိသည့်အတိုင်း အလောင်းကိုအရက်လေးဆယ်ကြာအောင်ဆေး စိမ်ကြ၏။ အီဂျစ်အမျိုးသားတို့သည်ယာကုပ် အတွက် ရက်ပေါင်းခုနစ်ဆယ်ကြာမျှငိုကြွေး မြည်တမ်းကြကုန်၏။
ငိုကြွေးမြည်တမ်းခြင်းရက်များ ကုန်ဆုံးသော အခါယောသပ်ကဖာရောဘုရင်၏အမှုထမ်း တို့အား၊ ဖာရောဘုရင်နားတော်သို့ဤသို့လျှောက် ကြပါလော့။-
ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
ဗာသရှေဘသည်မိမိ၏ခင်ပွန်းကျဆုံး ကြောင်းကိုကြားသိသောအခါ ငိုကြွေး မြည်တမ်းခြင်းကိုပြု၏။-
သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။-
ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။
ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။
ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။
ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။