အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
ကမ္ဘာဦး 5:3 - Common Language Bible အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။- Garrad Bible အာ ဒံ သည် အ သက် တစ် ရာ့ သုံး ဆယ် ရှိ သော် ကိုယ့် ပုံ သ ဏ္ဌာန် အ သွင် သား ကို ရ၍ ရှေ သ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible အာဒံသည် အသက်တစ်ရာသုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်းသားကိုမြင်ရ၍၊ ရှေသအမည်ဖြင့် မှည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဒံသည် အသက်တစ်ရာ့သုံးဆယ်ရှိသောအခါ သူနှင့်တစ်ပုံစံတည်း၊ သူ၏ပုံသဏ္ဌာန်အတိုင်းဖြစ်သောသားကိုရ၍ သူ၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။ |
အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။-
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
ရှာလကားကာဣနန်၏သား၊ ကာဣနန်ကား အာဖာဇဒ်၏သား၊ အာဖာဇဒ်ကားရှေမ၏ သား၊ ရှေမကားနောဧ၏သား၊ နောဧကား လာမက်၏သားဖြစ်၏။-
အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။