သို့ရာတွင်ယာကုပ်က``ဆောင်ရွက်ပေးပါမည်ဟု ကျိန်ဆိုလော့'' ဟုဆိုသော်ယောသပ်သည်ကျိန်ဆို လေ၏။ ထိုနောက်ယာကုပ်သည်အိပ်ရာ၏ခေါင်း ရင်းတွင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
ငါ့ အား သ စ္စာ ဆို လော့ ဟု ပြော လျှင် သ စ္စာ ဆို လေ ၏။ ဣ သ ရေ လ လည်း ခု တင် ခေါင်း ရင်း ပေါ် တွင် ရှိ ခိုး လေ ၏။
ငါ့အားကျိန်ဆိုခြင်းကိုပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။
အစ္စရေးက “ငါ့အား ကျိန်ဆိုပါလော့”ဟု ဆိုလျှင် ယောသပ်သည် သူ့အားကျိန်ဆိုလေ၏။ ထို့နောက် အစ္စရေးသည် ခုတင်ခေါင်းရင်း၌ ပျပ်ဝပ်လေ၏။
သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။
သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊-
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။-
``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။