ကမ္ဘာဦး 50:5 - Common Language Bible5 ``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ကျွန် တော် မျိုး အ ဘ က၊ ငါ သေ တော့ မည်။ ခါ နာန် ပြည် တွင် ကိုယ့် အ ဖို့ ထွင်း ခဲ့ ပြီး သော သင်္ချိုင်း ၌ ငါ့ ကို သင်္ဂြိုဟ် ရ မည် ဟူ ၍ သ စ္စာ ပေး ခဲ့ ပါ ပြီ။ သို့ ဖြစ် ၍ အ ဘ အ လောင်း ကို သင်္ဂြိုဟ် ရန် ကျွန် တော် မျိုး အား သွား ခွင့် ပြု တော် မူ ပါ။ သို့ ပြီး မှ ပြန် လာ ပါ မည် ဟု တင် လျှောက် စေ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible5 ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဖို့ငါတူးဖူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကိုကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကိုသင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-