သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
ကမ္ဘာဦး 43:5 - Common Language Bible အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။ Garrad Bible ညီ မ ပါ ဘဲ ငါ့ မျက် နှာ ကို မ မြင် ရ ဟူ ၍ ထို မင်း မြစ် တား သော ကြောင့် ညီ ကို မ ထည့် လျှင် မ သွား ဝံ့ ကြ ပါ ဟု အ ဘ အား လျှောက် လေ ၏။ Judson Bible ညီကိုမထည့်လျှင် မသွားပါ။ အကြောင်းမူကား၊ ထိုသူကသင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီဟု အဘအားပြန်ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မလွှတ်လျှင် အကျွန်ုပ်တို့မသွားပါ။ အကြောင်းမူကား ထိုသူက ‘သင်တို့၏ညီသည် သင်တို့နှင့်အတူမပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့အားပြောပါ၏”ဟု ဖခင်အားဆိုလေ၏။ |
သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။-
သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။
ထိုအခါအရှင်က`သင်တို့၏ညီမပါလာလျှင် ငါ့ထံသို့နောက်တစ်ဖန်မဝင်ရ' ဟုမိန့်ကြား ပါသည်။
ထိုနောက်အဖက`သင်တို့သွား၍ငါတို့အတွက် ရိက္ခာဝယ်ဦးလော့' ဟုစေခိုင်းပါသည်။-
ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။