ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
ကမ္ဘာဦး 41:6 - Common Language Bible ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။- Garrad Bible ထို နောက် ပိန် သေး၍ အ ရှေ့ လေ ဖျက် သော စ ပါး ခု နစ် နှံ ပေါက် ပြီး မှ၊ Judson Bible ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။ |
ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။-
အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။-
ထိုစပျစ်ပင်ကိုရွှေ့ပြောင်း၍စိုက်ပျိုးခဲ့လျှင် ထိုအပင်သည်ဆက်လက်ရှင်သန်နိုင်မည်လော။ ယင်းသည်အရှေ့လေတိုက်ခတ်သောအခါညှိုး နွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ ယခု ပေါက်လျက်နေသည့်အရပ်၌ပင်ညှိုးနွမ်း ခြောက်သွေ့သွားမည်မဟုတ်လော'' ဟုမိန့် တော်မူ၏။
သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့ လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။ အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။ စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။