နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။-
ကမ္ဘာဦး 41:54 - Common Language Bible ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။- Garrad Bible ယော သပ် ပြော ခဲ့ သည့် အ တိုင်း အ စာ ခေါင်း ပါး သော နှစ် များ အ စ ဖြစ် လျက် ခပ် သိမ်း သော ပြည် များ၌ အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သော် လည်း အိ ဂျစ် ပြည် တွင် ဆန် စ ပါး ရှိ ၏။ Judson Bible ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။ မြန်မာ့စံမီသမ္မာကျမ်း ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။ |
နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။-
ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။-
အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-