Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 41:30 - Common Language Bible

30 ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ထို နောက် အ စာ ခေါင်း ပါး သော ခု နစ် နှစ် ဖြစ် လာ၍ အိ ဂျစ် ပြည် တွင် ပြန့် ပြော ခြင်း ရှိ သ မျှ ကို ပင် သ တိ မ ရ နိုင် အောင် အ စာ ခေါင်း ပါး ခြင်း ကပ် ကြောင့် ပြည် လုံး ကျွတ် ပျက် စီး ပါ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထို့နောက်မှ ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​ဖြစ်လာ​လိမ့်မည်​။ ထိုအခါ အီဂျစ်​ပြည်​၌​ဝပြော​ခဲ့​သမျှ​ကို​မေ့လျော့​ကြ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် တစ်ပြည်လုံး​ကို​ဖျက်ဆီး​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 41:30
15 ပူးပေါင်းရင်းမြစ်များ  

အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အ​လွန်​ဆိုး​ရွား ရ​ကား​စား​နပ်​ရိက္ခာ​ပြတ်​လပ်​ကုန်​သ​ဖြင့် အီ​ဂျစ် ပြည်​နှင့်​ခါ​နာန်​ပြည်​ရှိ​လူ​အ​ပေါင်း​တို့​သည် အစာ​ငတ်​မွတ်​သည့်​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ ကြ​၏။-


ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-


ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-


ကိုယ်​တော်​သည်​သူ​တို့​ပြည်​၌​ငတ်​မွတ်​ခေါင်း​ပါး ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​သ​ဖြင့် စား​နပ်​ရိက္ခာ​ပြတ်​လပ်​သွား​သော​အ​ခါ


ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-


ပြည်​တော်​တွင်​ကောင်း​ချီး​မင်္ဂလာ​ခံ​ယူ​လို​သူ မှန်​သ​မျှ​သည်​သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင် ၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ကြ​လိမ့်​မည်။ ကျိန်​ဆို​ပြော​ဆို​သူ​မှန်​သ​မျှ​သည်​လည်း သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​နာ​မ​တော် ကို​တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ အ​တိတ် ကာ​လ​က​ဆင်း​ရဲ​ဒုက္ခ​များ​သည်​ကွယ်​ပျောက် သွား​လိမ့်​မည်။ ယင်း​တို့​ကို​လူ​တို့​သည်​မေ့ လျော့​သွား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။


ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-


ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။


ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။


အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-


ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-


နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-


သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-


ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ