ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
ကမ္ဘာဦး 41:39 - Common Language Bible ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။- Garrad Bible ယော သပ် အား မိန့် ဆို သည် မှာ၊ ဘု ရား သ ခင် သည် ဤ အ မှု အ လုံး စုံ ကို သင် အား ဖော် ပြ တော် မူ သည် ဖြစ်၍ သင် ကဲ့ သို့ ပ ညာ ရှိ လျက် ဉာဏ် ကောင်း သူ မ ရှိ။ Judson Bible ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အားပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။ |
ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။-
ကျွန်တော်မျိုးသည်အရှင်မင်းကြီးအား လျှောက်ထားခဲ့သည့်အတိုင်း ဘုရားသခင် ကမိမိပြုတော်မူမည့်အမှုကိုကိုယ်တော် အားအသိပေးခြင်းဖြစ်ပါသည်။-
``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။-
``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-