ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။-
ကမ္ဘာဦး 4:16 - Common Language Bible ကာဣနသည်လည်းထာဝရဘုရားထံတော် မှထွက်သွား၍ ဧဒင်အရှေ့ဘက်ရှိ``လှည့်လည် ရာ'' ဟုတွင်သောအရပ်၌နေထိုင်လေ၏။ Garrad Bible ကာ ဣ န သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ထွက် သွား၍ ဧ ဒင် အ ရှေ့၊ နော ဒ ပြည် တွင် နေ စဉ်၊ Judson Bible ကာဣနသည် ထာဝရဘုရားထံတော်မှထွက်သွား၍၊ ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင် နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။ |
ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။-
ကိုယ်တော်သည်အကျွန်ုပ်ကိုဤမြေမှနှင်ထုတ် တော်မူပါပြီ။ ကိုယ်တော်၏မျက်မှောက်တော်မှ လည်းနှင်ထုတ်တော်မူပါပြီ။ အိုးအိမ်မဲ့လျက် မြေကြီးပေါ်တွင် လှည့်လည်နေရပါမည်။ တွေ့ သမျှသောသူတို့သည် အကျွန်ုပ်အားသတ် ကြပါလိမ့်မည်'' ဟုပြန်၍လျှောက်၏။
ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။
ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
ငါသည်သူတို့နှင့်တကွသူတို့၏ဘိုးဘေး များအား ပေးအပ်ခဲ့သည့်မြို့ကိုကောက်ယူ၍ အဝေးသို့ပစ်ထုတ်မည်။-
ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊-
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။-
ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။