သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 4:1 - Common Language Bible ထိုနောက်အာဒံသည်မယားနှင့်ဆက်ဆံသဖြင့် ဧဝသည်ပဋိသန္ဓေစွဲ၍သားယောကျာ်းကိုဖွား မြင်လေ၏။ ``ထာဝရဘုရားမစတော်မူခြင်း အားဖြင့်သားကိုရပြီ'' ဟုဧဝပြောဆိုလျက် ထိုသားကိုကာဣနဟုနာမည်မှည့်လေ၏။- Garrad Bible ထို နောက် လူ သည် မ ယား ဧ ဝ နှင့် ဆက် ဆံ သ ဖြင့် ဧ ဝ သ န္ဓေ စွဲ ယူ၍ ကာ ဣ န ကို ဖွား မြင် လျှင် ထာ ဝ ရ ဘုရား မ စ တော် မူ ခြင်း ဖြင့် သား ယော ကျ်ား ကို ငါ ရ ပြီ ဟု ဆို လေ ၏။ Judson Bible ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူသည် မိမိမယားဧဝနှင့်ဆက်ဆံသဖြင့် ဧဝသည် ကိုယ်ဝန်ဆောင်၍ ကာဣနကိုမွေးဖွားပြီးလျှင် “ငါသည် ထာဝရဘုရားထံတော်မှ သားတစ်ဦးကိုရရှိပြီ”ဟု ဆိုလေ၏။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။-
အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။