စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
ကမ္ဘာဦး 39:20 - Common Language Bible ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊- Garrad Bible ဒေါ သ မီး လောင် ၍ ယော သပ် ကို ခေါ် ပြီး မှ မင်း အာ ဏာ နှင့် အ ကျဉ်း သား တို့ ကို လှောင် ထား ရာ နှောင် အိမ်၌ သွင်း ထား သ ဖြင့် ထို နှောင် အိမ် တွင် နေ ရ လေ ၏။ Judson Bible ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောသပ်၏သခင်သည် ယောသပ်ကိုခေါ်ဆောင်သွား၍ ရှင်ဘုရင်အကျဉ်းချထားသောသူများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သော အကျဉ်းထောင်ထဲ၌ ထည့်ထားလေ၏။ သို့ဖြစ်၍ ယောသပ်သည် အကျဉ်းထောင်ထဲ၌နေရ၏။ |
စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-
သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။-